2014年8月8日 星期五

တရုတ်ဘုံကျောင်း

 ခြေရာမှတ်တမ်း ၃

တတိယအနေနှင့် သွားရောက်လည် ပတ်ခဲ့သော နေရာလေးကတော့
ပြင်ဦးလွင်မှာ ဟိုးအရင်ကတည်းက ယခုအချိန်ထိ နာမည်ကြီး လူစည်ကား
နေသော နေရာကိုရောက်ခဲ့ပါတယ်။ ဒီနေရာရဲ နာမည်ကတော့ ပြင်ဦးလွင်ရဲ့ တရုတ်ဘုံကျာင်းဖြစ်ပါတယ်။

 အခုမြင်နေရတဲ့ပုံလေးကတော့ တရုတ်ဘုံကျောင်း၏ ၀င်ပေါက်တံတိုင်း ကြီးဖြစ်ပါတယ် အရမ်းကို ခမ်းနားပြီး လက်ရာမြောက်တဲ့ပန်းချီတွေ ရေးဆွဲထားတာတွေ ရှိပါတယ်။
ပန်းချီတွေက တရုတ်ရှေးဟောင်းလက်ရာတွေနော်။

ဒီပုံလေးကဆိုရင် ကျောင်းတော်ကြီး၏ မျက်နှစာလေးနှင့် ဘုံခွန်နစ်ဆင့်တို့၏
ပုံလေးပါ။ ကျောင်းတော်ကြီးရဲ့ အတွင်းနှင့်အပြင် ပတ်လည်တွင်လည်း 
တရုတ်ရိုးရာ နံရံဆေးပန်ချီများတွေ့ရမှာပါ ။ဗေဒင်ယုံကြည်သူများအတွက်
လဲ အထူးသင့်လျှော်သည့် နေရာလေးပါ။ တရုတ်ဝါးဗေဒင် မေးလို့
ရတယ်။


ဒီပုံလေးကေတော့ အရိမေတ္တေယျ ဘုရားဆင်းတုတော်ပုံဖြစ်ပါတယ်။
ဆင့်တူတော်၏ ပြူံးနေသော မျက်နာတော်ဟာ ၀င်လာသမျှ ဧည့်သည်
အပေါင်းတို့ကို ပျော်ရွင်စွာ စီးကြို နေတာဖြစ်ပါတယ်။ လမ်းမှားရောက်နေတဲသူ၊ စိတ်မပျော်မရွင် ဖြစ်နေသူများအတွက် ဆုတောင်းပေးလို့ရတဲ့ဘုရားပါ။
ဆင်းတူတော်ကို၂၀၀၁ခုနှစ် ကတည်ခဲ့တာပါ။



ဒီပုံလေးကတော့ ကရ၀ိတ်ပေါ်ကရဟန်းပုံတော်လေးပါ လည်ပတ်သူများလည်း
လိုရာဆုကို တောင်းနိုင်ပါတယ်။ စိတ်ဝင်စားစရာကတော့ ရဟန်းတော်ရဲ့သပိတ်ထဲ
ပိုက်ဆံပြားလေး ပစ်ထည့်ပြီး လိုရာဆုတောင်ရင် ......
ဆန္ဒပြည့်တယ်လို့အယူ ရှိတယ်။


ဒီနေရာလေးကတော့ ဘုံခုနစ်ဆင့်ရဲ့ ပုံလေးပါ အပေါ်ဆုံးအထပ်မှာတော့
ဘုရားတစ်ဆူရှိပါတယ် လည်ပတ်သူများ အပေါ်ရောက်တဲ့အခါမှာ
အေးမြ လတ်ဆတ်သော လေပြေလေညှင်း၏ အရသာကိုခံစားရမှာဖြစ်တယ်။
နောက်ပြီးအပေါ်ကနေ ပြင်ဦးလွင်ရဲ့အလှအပတွေကို
လေ့လာကြည့်ရူလို့လည်းရတယ်။

ဒီပုံလေးက အနန္တမေတ္တာ တရုတ်ဓါတ်အပ်စိုက် ဆေးခန်းဖြစ်ပါတယ်။ ကိုယ်လက်
ထုံကြင် ကိုက်ခဲ၊ အရိုးအက် အရိုးကြိုး ရောဂါများနှင့် အကြောရောဂါများကိုအထူး
ဆောင်ရွက် ကုသပေးနေပါတယ်။

    
အခုမြင်ရတဲပုံလေးကတော့ နဂါးခေါင်းရေကန်ဖြစ်ပါတယ်။ ဒီနေရာလေးဟာ
လူအများအမှတ်တရ ပုံလေးမျာရိုက်ကြတဲ့ နေရာပါ။ ကလေးသူငယ်များလည်း အတော် နှစ်သက်တဲ့ နေရာလေးဖြစ်ပါတယ်။


ထွက်ပေါက်ဘေးနားကနေရာလေးဖြစ်ပါတယ်။ ပုံထဲက
ရုပ်ထုတွေကတာ့ တရုတ်ရာဇ၀င်ထဲက ဖြစ်ပါတယ်။ လည်ပတ်သူများလည်း
သိမှာကြမှာပါ။ မျောက်မင်း ၀ူးခုန်း ခရီးသွား ရုပ်ရှင်ထဲကလေ။ မည်သူမဆို
သူတိုနှင့် တွဲပြီး အမှတ်တရပုံလေးတွေရိုက်လို့ရတယ်နော်။  
တရုတ်ဘုံကျောင်းတော်ကြီးကိုလာလည်သူများပျော်ရှိင်မူတွေရပါစေ...........။
(spy shop ခြေလမ်းများ)



沒有留言:

張貼留言