2014年8月21日 星期四

အဖွားထမင်းဆိုင်

ခြေရာမှတ်တမ်း ၅

ကျွန်တော်အခု သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့သော နေရာလေးကတော့
လွန်ခဲ့တဲ့ဟိုးအနှစ် ၂၀လောက်ကစ ယနေ့အချိန်ထိ လက်ရာမပြောင်းသေးတဲ့
ထမင်းဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့ပါတယ်။ ဒီထမင်းဆိုင်လေးဟာ လွန်ခဲ့သော
အနှစ်၂၀လောက်ကစတင်ပြီး စာပန်းအိမ်ဘော်ဒါဆောင်မှာ ဖွင့်လှစ်ခဲ့ပတာပါ။




ထိုအချိန်းတုန်းကဆိုရင်ဒီထမင်းဆိုင်းလေးဟာစာပန်းအိမ်ကျောင်းသား ကျောင်းသူ
များကိုသာအဓိကရောင်းတာဖြစ်ပါတယ်။ ဆိုင်လေးရဲနာမည်ကိုတော့ ထွေထွေ
 ထူးထူးသတ်မှတ်ထားတာတော့မရှိပါဘူး။ ဒါကြောင့်ဆိုင်နံမည်လေးကိုတော့ အဖွားထမင်း လိုလူတွေခေါ်ကြပါတယ်။

ဒီလိုနဲ့အဖွားထမင်းဆိုင်လေးဟာ နေရာအဆင်မပြေမူများ တွေကြုံ ကာ
နေရာများရွှေ့ပြောင်းခဲ့ရသော်လည်းဆိုင်ကိုပြန်ဖွင့်နိုင်ရန်ကြိုးစားခဲ့တယ်။
နေက်ဆုံးတော့လဲ အ. ထ. က. (၄) စာသင်ကျောင်းအရှေ့မှာနေရာတကျ ဖွင့်လစ်ခဲ့
ပါတယ်။ ဒီအချက်လေးကိုကြည့်ခြင်းအာဖြင့်အဖွားကကျောင်းသူကျောင်းသား
များကို သံယောဇဉ်ရှိပုံရတယ်။ ဒါကြောင့်လဲပြင်ဦးလွင်တရုတ်ကျောင်း ကျောင်း
သူကျောင်းသားများကလည်းအဖွားဆိုင်ရဲအဓိက customerတွေဖြစ်ခဲ့ပါတာပေါ.နော်
ဒီပုံလေးထဲကမြင်တွေ့ရတာက အဖွားထမင်းဆိုင်၏အဓိကရောင်းချသောထောပတ်ထမင်းနှင့်အမဲသားနှပ်ကြော်
၊ကြက်သားကြော် တို၏ပုံများဖြစ်ပါတယ်။ ဒီဟင်းများကတော့ဆိုင်စ
ဖွင့်ကတည်းကဟင်မှားဖြစ်ပါတယ်။ ဒါပေမဲ့အခုနောက်ဟင်းနှစ်မျိုးတိုးလာပါတယ်
ကန်စွန်းရွက်ကြော်နှင့်အာလူးထုပ်ကြော်ဖြစ်ပါတယ်။ကန်စွန်းရွက်ဟင်းကတော့ငရုတ်
သီးလေးနှင့်စပ်စပ်လေးကြော်ထားတာနော် အရမ်းစားလို့ကောင်းပါတယ်။

ဒီပုံလေးကတောအမဲသားနှပ်ကြော် တစ်ခွက်၏ ပုံလေးပါ သန့်ရှင်းလတ်စတ်သော
အသားကိုညီညာစွာအတုံးကလေများဖြစ်အောင်ပြုလုပ်ပြီး ပဲဆီသန့်သန့်လေးနှင့်ရိုးရိုးလေး
ကြော်ထားတာပါညှင်သာစွာကိုက်လိုက်ရုံနင့် ကောင်းမွန်သောအရသာကိုထိတွေ့
ခံစားနိုင်ပါတယ်။
ဒါကတော့ထောပတ် ထမင်းပေါင်းထားတဲ့ပုံလေးပါ ထမင်းများကိုယခုပြင်နေရသော
အိုးနှင့်တစ်အိုးအပြည့်ကိုပေါင်းတာပါ တစ်ရက်ရောင်းလိုက်ရင်ဒါတွေအားလုံးကုန်
ပါတယ်။တကယ်ပါ ကျွန်တော်တောင်အစကထောပတ် ထမင်းကိုမကြိုက်ဘူး နောက်
အဖွားဆိုင်ရောက်တော့မှ စမ်းစားကြည့်ရင်းနဲ့ အရသာတွေ့သွားတာ အသားနှပ်
ကြော်နှင့်လဲ အင်မတန်လိုက်ဖက်ပါတယ်။

ဒါလေးကတော့ အာလူးထုပ်ကြော်လေးနော်ဘယ်လိုစားလို့ကောင်းမှန်းကိုမသိဘူး
ကျွန်တော်ကတော့အရမ်းကြိုက်တယ်။အာလူးစမူဆာနှင့် အရသာတူသလိုလိုရှိတယ်။
အချင်ရေနှင့်များတွဲစားလိုက်တဲ့အခါမှာ တစ်ပန်းလုံးတောင်ကုန်သွားမလားထင်ရတယ်

ဒီအဖွားထမင်းဆိုင်ကတကယ်ကိုစားလို့ကောင်းတဲ့ဆိုင်လေးပါ၊ ဆိုင်လေးကအရမ်းမကြီးကျယ်မခမ်းနားပေမဲ့ ဒီထမင်းကိုတစ်ခါစားဖူးတဲလူတိုင်းထော
ပတ်ထမင်းဆိုရင်ကို အဖွားဆိုင်ကို သတိရကြတာများတယ်၊ ဟိုးအရင်အမြို့မြို့အနယ်
နယ်ကပြင်ဦးလွင်ကိုလာပြီးတော့ကျောင်းပညာလာသင်သူမျာလဲ အခုတော့လူကြီးတွေ
ဖြစ်ပြီး မိသားစုဝင်များနှင့်လဲ အဖွားဆိုင်ကိုပြန်လာတယ်။သူတိုငယ်စဉ်ကျောင်းသား
ဘ၀လေးကိုပြန်မြင်ရောင်ပြီး သားသမီးများကိုလဲပြန်ပြောပြရင်း ပျော်ပျော်ပါးပါးထမင်း
လက်ဆုံးစားနေတာကိုတွေ့ရတော့ ကျွန်တောလဲငယ်ဘ၀လေးကိုပြန်ပြင်ရောင်မိ
တယ်။နေက်ပြီး နိုင်ငံရပ်ခြားသို့ရောက်နေသူများလဲပြန်ရောက်လာတိုင်းအဖွားထမင်း
ဆိုင်လေးကိုလာစားကြတယ်။မြန်မာနိုင်ငံရှိခရီးသွားများလဲ ပြင်ဦးလွင်မြို့ကိုရောက်
လာရင်လဲအဖွားထမင်းဆိုင်လေး၏ရာလေးကိုလာရောက်မည်းစမ်းကြည်ပါ
လို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်နော်။        (spy shopခြေလမ်းများ)








沒有留言:

張貼留言