2014年8月6日 星期三

ပိတ်ချင်းမြောင်


ခြေရာမှတ်တမ်း

      ပထမဆုံး သွားရောက်လည်ပတ်ခဲ့သော နေရာလေးက ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြိုင်ကြီးရွာတွင် တည်ရှိသော ပိတ်ချင်းမြောင် ဘုရားအား သွားရောက်လေ့လာ လည်ပတ်ခဲ့ပါတယ် ။ ဤဘုရားသည် မြောင် အတွင်း၌  တန်းခိုးကြီးဘုရားများစွာ၏ ရုပ်ပွားတော်များရှိပါ သည်။ လေ့လာရေးခရီး
ထွက်ရန် အကာင်းဆုံးနေရာလေးဖြစ်ပါသည်။
 

  ဒီပုံလေးဟာပိတ်ချင်းမြောင်ရဲ့ လိုင်ဂူတော်မြေပုံလေးပါ သေချာလ့လာကြည့်ရင် စိတ်ဝင်စားစရာ ကောင်းပါတယ်။ အထူးသဖြင့်နာမည်ကြီးဘုရားကြီးတွေပေါ့။ လှိုဏ်ဂူတော် ဘယ်လိုဖြစ်တည်လာတယ်ဆိုတာလေးရောပါ။
 

ယခုမြင်ရသည့် ပုံလေးဟာဆိုရင်ပိတ်ချင်းမြောင်ရဲ့ ကြိုးတံတားကြီးဖြစ်ပါတယ်။
၁၉၉၁ခုနှစ်က စတင်တည်ဆောက်ခဲ့ ပြီး၂၀၀၁ မှာတစ်ကြိမ်ပြုပြင်ခဲ့ပါတယ်။
ဒီတံတာဟာ ပေပေါင်း ၁၂၀ကျော်လောက် ရှိပါတယ်။ လည်ပတ်သူများအနေနှင့်
တံတားကြီးကိုဖြတ်သွားတဲ့  အချိန်မှာ စိတ်လှုပ်ရှား စရာကောင်းသည့် ခံစားမူကို
ရရှိမှာဖြစ်ပါတယ်။ တံတာကြီးရဲ့အောက်မှာ တသွင်သွင်စီးနေသည့် ရေချောင်း
လေးလည်ရှိပါတယ်။ ဓါတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။



ဒီပုံလေးက တော့ လှိုဏ်ဂူတော် အ၀င်အ၀ကနေ မြင်ရသည့် ပုံလေဖြစ်ပါတယ်။ ဒီလိုင်ဂူထဲမှာဆိုရင် အ၀င်ပေါက်တစ်ခုပဲ ရှိပါတယ်။ ဒါပေ့မယ့် ထူးခြားချက်လေးက ဂူထဲသွားလာတဲ့အခါ အသက်ရှူ မ၀တာမျိုးမရှိဘဲ 
သက်တောင့်သက်သာ လေးရှိပါတယ်။
 








  ဂူတွင်းကဘုရား ပုံတော်များဖြစ်ပါတယ်။




ဒီပုံမှာ မြင်ရတာကတော့ လည်ပတ်သူများ၊ ခရီးသွားများ လိုရာဆန္ဒ ပြည့်စေရန်
 ကျောက်ခဲလေများကို အဆင့်ဆင့်ထပ်ပြီးဆုတာင်းကြတဲ့ နေရာလေးပါ။
အများဆုံးကတော့ ချစ်သူတွေဘ၀ ဆက်တိုင်းဆက်တိုင်းမခွဲပဲ အမြဲအတူနေရ ပါစေ ဆိုတဲ့ ဆုမျိုးကို တောင်းကြပါတယ်။



အခုမြင်ရတဲ့ပုံလေးကတော့ လှိုဏ်ဂူတော်ထဲက ကျောက်ကျို ကျောက်ကားက စိမ့်ထွက် စီးဆင်းလာတဲ့ ကျောက်ကျ စမ်းရေများပါ။  အေးမြ ကြည်လင်သည့်
 ရေများနှင့်ကစားမလား ဒါမှမဟုတ် အမှတ်တရ ဓါတ်ပုံလေးများ ရိုက်လို့ကောင်းသည့်နေရာလေးပါ။ 

ဒီပုံလေးဟာ အရမ်းလက်ရာမြောက်ပြီး အနီးနားလေး သွားကြည့်ရင် သက်ဝင်
လုပ်ရှားသလို ခံစားမိပါတယ်။ အခုမြင်တွေ့ရသည့် ပုံတွင် ဂေါတမဘုရားရှင်နှင့် တပည့်ရဟန်းသံဃာတော်များ ဆွမ်းခံကြွလာသည့် မြင်ကွင်းကို ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါသည်။
 အဲဒီ့နောက် ဒေသထွက် ကုန်များနှင့် ဆေးမြစ်စုံ၊ ရာသီပေါ်သီးနှံများ ဖြစ်တဲ့ (စတော်ဘယ်ရီ၊ နာနက်၊ လိမ္မော်၊
မျှစ်ချို၊ မျှစ်ချဉ် စသောပစ္စ္မည်း များကို သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးနေတဲ.
 ဈေးဆိုင်ငယ်များကိုတွေ့ပါတယ်။




 အခုနောက်ဆုံးရောက်ခဲ့သောနေရာ လေးကသုံးထပ်
ရေတံခွန်ကြီး ဖြစ်ပါတယ်။ ဒီနေရာလေးဟာ အလွန်လှပတဲ့ ရေတံခွန်အဆင့်ဆင့်
ကိုတွေရမှာဖြစ်ပါတယ်။ လည်ပတ် သူများအထူးသတိထား ရမည့်နေရာတွေ
လည်းရှိပါတယ်။ ရေစီးကောင်းသောကြောင့် ကလေးငယ်တွေနှင့် ရေမကူး
တတ်သောသူများ သတိထားဖို့လိုပါတယ်။

အခုဒီ blogလေးကိုဖွင့် ကြည့်သူမည်သူမဆို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။
လိုအပ်တာများရှိရင်လည်း comment  ပေးလို့ရပါတယ်။
ပြင်ဦးလွင်ရဲ့ ပိတ်ချင်းမြောင် ဘုရားဖူးသူများလဲ ပျော်ရွင်သော ခရီးလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါ
တယ်နော်...........။(spy shop ခြေလမ်းများ)

沒有留言:

張貼留言