2014年8月13日 星期三

သစ်တောပြတိုက်


ခြေရာမှတ်တမ်း ၎

အခုသွားရာက်မှတ်တမ်း တင်ခဲ့တဲနေရာကတော့ ပြင်ဦးလွင်၏ သစ်တောပြတိုက်
ဖြစ်ပါတယ်။ ဒီပြတိုက်လေးဟာ ကျွန်တော်ငယ်စဉ်ဘ၀တုန်းက အရာက်ချင်ဆုံး
နေရာတစ်ခုပါ။ အရင်အခါကဒီပြတိုက်ဟာအလွန်နာမည်ကြီးတယ် ယူခုတော့
လူသွားလာမူ နဲပါးသလောက်ရှိနေပြီ။ လူတိုင်းဟာကိုယ့်ငယ်ဘ၀လေး
ကိုစိတ်ကူးရင်တတ်ကြပါတယ်။ ကျွန်တော်လဲ ငယ်စဉ်ကလေးဘ၀လေးကို
ပြန်မြင်ရာင်းပြီး ဒီပြတိုက်လေးအကြောင်းရေးထားတာပါ။
ဒီပုံလေးကတော့သစ်တောပြတိုက်ရဲ့အဆောက်ဦးပုံလေးပါ  ပြတိုက်ကတော့
အောက်ထပ်မှာ အပေါ်မှာတော့ သက်ဆိုင်ရာရုံးခွဲတွေရှိပါတယ်။
ဒါကတော.အင်္ဂလိပ်ခေတ်က အမြောက်ကြီးဖြစ်ပါတယ်၊ တကယ်အမြောက်အစစ်
ကြီးပါ  ခုနစ်သကရာဇ်တွေလဲဖော်ပြထားတာတွေ့ရတယ်။ရှေးဟောင်းလက်ရာ
များကိုစိတ်ဝင်စားသူများအတွက်သင့်လျှော်တဲ့နေရာလေးပါ။ ကဲအထဲကိုဝင်
ကြရအောင်..


 မြင်နေရတဲ့တိုင်းပါပဲ သတ္တ၀ါများကိုစနစ်ကျ စွာပြသထားပါတယ် နေထိုင်ပုံမျာကို
ကြည်ပြီးတော့အမျိုးစားမျာခွဲထားပါတယ်။စိတ်ဝင်စား စရာကောင်းပါတယ်။


 အခုမြင်ရတာကတော့ ကျားသစ်ပုံလေးပါ ချစ်စရာလေးပါနော် တစ်ကောင်နှင့်တစ်
ကောင်ဟာအမျိုးစားချင်းမတူပါဘူး၊ ပြီတော့လဲ ဖမ်းယူလာတဲဒေသချင်းလဲကွာ
ပါတယ်။ဒီလိုရုပ်လုံးသွင်းထားတာဟာ နှစ် နစ်ဆယ်ကျော်လောက်ရှိသွားပါပြီ ခုထိအသက်ဝင် ပုံပေါက်နေတာကိုတွေရပါတယ်။

ဒါလေးကတော့တန်ဖိုးရှိတဲ့ မိကျောင်းခေါင်း၊ တောဝက်ခေါင်းများ ဖြစ်ပါတယ်။
အောက်ဘီရိုထဲမှာတော့အလွန်လှပြီး ရှားပါးတဲ့ငှက်ကလေးတွေပါ။ ပုံထဲမှာအား
လုံးတော့မပါဘူး ပြတိုက်ထဲမှာကတော့ငှက်တွေကအများဆုံးပါ။

ဒီငှက်ကတော့ငှက်ကြီးဝန်ပိုဖြစ်ပါတယ်၊ ဒီငှက်ဟာအလွန်ရှားပါတယ် ပြီးတော့ငါးဖမ်း
လဲတော်တယ်။ ထူးခြားတာကပျံသန်းရင်း ပါးစပ်ထဲရေများကိုသယ်ဆောင်သွားနိုင်
ပါတယ်။ နောက်ပြီးပြတိုက်ထဲမှာ အခြားငှက်တွေလည်းရှိတယ်။

ဒီဟာလေးတွေကတော့ ဥကလေးတွေပါ။ အစုံပါပဲတွားသွားသတ္တ၀ါ၊တွင်းအောင်း
သတ္တ၀ါများ၏ဥများပါ ငှက်ဥများလဲပါတယ်။ဒီဥလေးတွေကိုသိထားချင်းအားဖြင့်
ကာကွယ်သင့်တဲဥအမျိုးစားကိုကာကွယ် အန္တာရယ်ရှိသောဥများကိုလဲရှောင်ကြဉ်
လို့ရတာပေါ့နော်။

မြွေအမျိုးစားအစုံရဲ့ အရေခွံတွေပါ စပါးကြီး၊မြွေဟောက်၊မြွေပွေး၊လင်းမြွေ ကတော့အမျာကြီးပါ။နောက်ပြီးမြွေရေခွံများကို လူသုံးကုန်ပစ္စည်းများလဲပြု
လုပ်ထားတယ်၊ပိုက်ဆံအိတ် ခါးပတ်များလဲအရမ်းကိုလက်ရာမြောက်တာ
တွေ့ရတယ်။ ပြတိုက်ထဲမှာရှိတဲ့ ပစ္စည်းတွေကတော့များလို့အကုန်လုံးတော့ပြော
မပြနိုင်လောက်ဘူး စိတ်ဝင်စားရင်တော့ နံနက်၁၀း၀၀လောက်ဆိုပြတိုက်
ကိုသွားရောက်လေ့လာလာ့လို့ရတယ်နော်။(spy shopခြေလမ်းများ)












沒有留言:

張貼留言