2014年11月17日 星期一

လူတွေမှတ်ညဏ်ထဲကပြင်ဦးလွင်


In Loving Memory of Pyin Oo Lwin

ကျွန်တော်  ပြင်ဦးလွင်ကို လူတွေဘယ်လောက်သိလဲ လိုက်မေးကြည့်ပါတယ်။
လူတစ်ယောက်တစ်ရာလောက်ထဲက ခုနစ်ဆယ်လောက်က ပြင်ဦးလွင်က
စိတ်အပန်းဖြေလို့ကောင်းတဲ့နေရာလို့ပြောပါတယ်။ဘယ်နေရာလေးလို့ထင်
ပါသလဲ..။အားလုံးသိကြတဲ့နေရာလေးပါ အဲနေရာလေးကတော့

ဟုတ်ပါတယ် ပြင်ဦးလွင်ကန်တော်ကြီးပါ ။လူတွေပြောကြတယ် ပြင်ဦးလွင်ကိုအလည်
ရောက်လာတိုင်း ကန်တော်ကြီးကို မရောက်ရင် ခေတ်နောက်ကြတယ်လို့ပြောတယ်။
အရင်အခါကဆိုရင်အားလပ်တွေမှာ မလေးရှားဒံပေါက်ထုပ်ပါဆယ်များနှင့်တစ်ပျော်
တစ်ပါးလူတွေသွားကြပါတယ်။သာယာလှပသောနေရာလေးမှာ အရသာရှိသော
အစားအစာလေးနှင့်တစ်ပျော်ရွှင်မူများရနိုင်တဲ့နေရာပါ။


ဒီဆိုင်းကြီကတော့ မလေးရှားဒံပေါက်ဆိုင်ပါ။ပြင်ဦးလွင်မြို့၏နာမည်ကြီးဆိုင်
ဆိုင်တစ်ပါ ။ဘယ်လောက်နာမည်ကြီးလဲဆိုတော့ မလေးရှားဒံပေါက်ဆိုရင်
ပြင်ဦးလွင်ကမသိတဲ့လူမရှိဘူး။ဒံပေါက်ကလဲ အရမ်းစားလို့ကောင်းတယ်နော်။


ဒုတိယလူသိအများဆုံးကတော့ရေတံခွန်ကြီးပါ ဒီရေတံခွန်ဟာ အဆင့်လေးဆင့်
ရှိပါတယ်။ သွားလည်ရင်လဲ အရမ်းပျော်စရာကောင်းပါတယ် နောက်ပြီးလည်ပတ်
သူများနှင့်လဲ အမြဲစည်ကားနေပါတယ်။


ပြင်ဦးလွင်ရဲ့ရှေးကြပြီး ကမ္ဘာလှည့်ခရီးသွားများကိုတောင်ဆွဲဆောင်နိုင်တဲ့
နာရီစင်ကြီးပါ။ ဒီနာရီစင်ရဲ့ နာမည်လေးကတော့ PURCELL TOWER (1936)
ပါ ၊ပြီတော့ပြင်ဦးလွင်၏ အသဲနှလုံးလို့တင်စားခေါ်ဝေါ်ကြတယ်။ နာရီစင်ကြီး
သက်တမ်းက 78 ကျော်လာသော်လည်း  ယနေ့ထိတိုင် တိကျမှန်သော အချိန်နာရီကို ပြသနေပြီး ပြင်ဦးလွင်မြို့၏ မြို့သူမြို့သားများအတွက် အချိန်တိကျမှန်ကန်ခြင်းကို အမြဲတမ်းသတိပေးနှိုးဆော်ပေးနေပါသည်။









2014年11月13日 星期四

ထင်းရှူးတော

ပြင်ဦးလွင်ထင်းရှူးးတော

ဒီနေ့မှာတော့ကျွန်တော်တို့mmspyshop အဖွဲသူအဖွဲသားများသည်ပြင်ဦးလွင်မြို့ရှိ
သာယာလှပပြီးစိတ် အေးအေးချမ်းချမ်းရှိတဲ့နေရာလေးတစ်ခုကိုရောက်ခဲ့ပါတယ်။
အဲဒီ့နေရာလေးကတော့မန္တလေးတိုင်း  ပြင်ဦးလွင်မြို့ တွင်ရှိသောထင်းရှူးတောကြီး
ဖြစ်ပါတယ်။
ဒီတောကြီးဟာဧကပေါင်းများစွာကျယ်ဝန်းတယ်၊နောက် ပြီးနိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယို
သရုပ်ဆောင်များအားလုံးသွားရောက်ခဲ့ဖူးတဲနေရာလေးပါ။ဘာကြောင့်ရောက်လည်းဆို
ရင်မြန်မာဗီဒီယိုဇတ်ကားတွေမှာပါတဲ့ မှောင်ခိုခန်း ၊ပြန်ပေးဆွဲခန်း၊ လူဆိုးဂိုဏ်းများ
စခန်းချတဲ့အခန်းမျိုးကိုဒီတော ကြီးထဲမှာအများဆုံးရိုက်ကူးကြလိုပါ။
 ဒီနေရာလေးကတော့ထင်းရှူးရဲ့အဝေးမြင်ကွင်းလေးပါ၊၀န်းခပ်ထားတဲ့နေရာက
တော့ကော်ဖိစိုက်ခင်း လေးတွေပါ ဒီနေရာလေးမှာလုံးချင်းအိမ်းလေးများလဲ
ရှိပါတယ်၊ လှပစိမ်းလန်းစိုပြေပြီး လေကောင်းလေသန့်များနှင့်တိတ်ဆိပ်
ငြိမ်သက်သောပတ်ဝန်းကျင်၏ ရသကိုခံစားချင်းသူများအတွက်တော့အထူး
သင့်လျှော်တဲ့နေရာလေးပါ။


 ဒီပုံကလေးကတော့သစ်တောရဲ့အတွင်းပိုင်းကပုံလေပါ
ဒီတောထဲမှာတော့သားရိုင်းတိရစ္ဆာန်အများကြီးတော့မရှိပါဘူး ယုန်၊ချေ မြွေ တို့လောက်ပဲတွေရပါတယ်။ဒါပေမဲ့တောထဲကိုဝင်လေလေငှက်သံများကိုကြား
ရလေလေ ငှက်ကတော့အမျိုးဆုံပါပဲ အရာင်သွေးဆုံလှသော သစ်ပင်များ
နှင့်အတူ ကောင်းကင်မှထိုးဖောက် ၀င်ရောက်လာသော နေမင်း၏အလင်းရောင်
များနှင့်တကွသဘာဝ၏အလှတရားများကိုခံစားနိုင်ပါတယ်။


 အခုတွေ့ရတဲ့ပုံလေးကတော့ထင်ရှူးတောအတွင်းကိုဖြတ်ပြီးဖောက်လုပ်ထားတဲ့
လမ်းသစ်ကြီးပါ။ဒီလမ်းမကြီးဟာ မြို့ရှောင်လမ်းမကြီးပါ။ယဉ်များလဲအမြန်နှုန်း
တွေနဲအဆက်မပြတ်သွားလာနေပါတယ်။ကျွန်တော်တောင်ဓတ်ပုံသွားရိုက်တုန်း
ကားတွေမြန်လွန်းလို့အမြန်လေးရိုက်ရပါတယ်။ယခုပုံအရလမ်းမကြီးအတိုင်းသွား
လျှင်လားရိုးလမ်း မဟာအံ့ထူးကံသာဘုရားကြီးထိ သွားရောက်နိုင်ပါတယ်။


ဒါလေးကတော့နောက်ဆုံးပုံလေးပါ လမ်းအတိုင်းဆက်သွားလျှင်ရွာများကိုတွေ့ရပါ
လိမ့်မယ်။နောက်ဆုံးမြို့ထွက်လမ်းကြီးပေါ်ရာက်သွားပါတယ်။အနီးစခန်း
တွင်ဒီလမ်းမကြီးပြီးဆုံးသွားပါတယ်။ လည်ပတ်သူများအနေနှင့်ပြင်ဦးလွင်
ကိုရောက်ရင်သဘာဝအလှတရားများနှင့်ထည်ဝါနေသောထင်းရှူးတော့
ကြီးကိုလာလည်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်နော်။     (spy shop ခြေလမ်းများ)