2015年7月9日 星期四

ရေသောက်ခြင်း၏အကျိုးကျေးဇူးများ

ရေသောက်ခြင်း၏အကျိုးကျေးဇူးများ



   ရေ သည်လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်လှပါသည်။
   ကြောင့်လည်း ရေအသက်တစ်မနက် လို့ပြောကြတယ်ထင်ပါတယ်။သို့သော်
   ကျန်းမာရေးနဲ့ညီညွှတ်ဖို့ ဆိုရင်တော့ ရေကိုစနစ်တကျ သောက်တတ်ဖို့လိုအပ်
   ပါတယ်။သောက်သင့်သည့်အချိန် သောက်သင့်သည့်ပမာဏကိုသောက်သုံးပါက
   ခန္ဓာကိုယ် အထိရောက်ဆုံး အကြိုါး်ပြုနိုင်မှာဖြစ်ပါတယ်။
      အိပ်ယာနိုးနိုးချင်းရေသောက်ချင်းဟာလဲ သင့်ကျန်းမာရေးကိပိုမိုအထာက်အကူ
  ပုနိုင်ပါတယ်။တစ်နေကိုအနည်းဆုံးရေဖန်ခွက်(၈)ခွက်  မှ(၁၂)ခွက်အထိသောက်ပါ။
  ရေကိုနည်းနည်းဖြင့် ခဏခဏသောက်ခြင်းက တစ်ခါတည်းသောင်ခြင်းထက်ပိုမို
  အကျိုးရှိပါတယ်။  အထူးသဖြင့်အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်
 နဲပါးနေသည်ကို အာရုံခံစွမ်းအားနည်းသွားပါသည်၊ထို့ကြောင့် ရေငတ်မှ ရေသောက်
  ခြင်းကိုရှောင်ကြဉ်ပါ။ ရေအစား ကော်ဖီ၊ ဘီယာ၊နှင့်အရက်သောက်ခြင်းများရှောင်ပါ။
ကလေးများကိုလဲ ရေများများသောက်ရန်ကျင့်ပေးပါ။ကစားပြီးလေ့ကျင့်ခန်းများလုပ်ပြီးပါက
ရေပိုသောက်ပါ။ကိုယ်ဝတ်ဆောင်သည်များအနေဖြင့်ရေပိုသောက်ပါ။ပုံမှန်သောက်နေကျ
 ထက်၃-၄ခွက်ပိုသောက်သင့်သည်။ 
   သန့်စင်သောရေများကိုလဲ သောက်သုံးရန်အထူးအရေးကြီးလှပါသည်။ယခင်ကဆို
 ရေများကိုကြိုချက်သောက်သုံးကြပါသည်။ ယခုအခါတွင်မှု သောက်ရေသန့်များ
 ကို သောက်သုံးလျှင်ပိုမိုအဆင်ပြေနိင်ပါသည်။
 Purified Drinking water အမှတ်တံစိမ်များထဲက မှ တစ်ခုကို example အနေနဲ့ 
 Luckyသောက်ရေသန့်လေးကို တင်ပြထားပါတယ်။







          (R.O) သောက်ရေသန့်ကိုသောက်ရွေးချယ်သောက်သုံးခြင်းဖြင့်         သင့်ရဲ့ကျန်ဒမာရေးအသိပညာကြွယ်ဝမှုကိုဂုဏ်ယူပါ။  lucky သောက်ရေသန့်သည် အထက်မြန်မာပြည်၏  ပထမဦးဆုံးနိုင်ငံတကာ အဆင့်အသိအမှတ်ပြု ISO 9001 နှင့် HACCP လက်မှတ်ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံ၏ သက်တန်းအရင့် ဆုံးရေသန့်စက်ရုံကြီးဖြစ်ပါသည်။

 1.   Lucky ရေသန့်သည်မြန်မာပြည်တွင်(R.O) နည်းစနစ်ဖြင့် ပထမဦးဆုံး ထုတ်လုပ်သည်စက်ရုံဖြစ်ခြင်း။
       2.   အထက်မြန်မာပြည်တွင် (ISO) နိုင်ငံတကာအဆင့် အသိအမှတ်ပြု လက်မှတ် ပထမဦးဆုံးရရှိသည့်စက်ရုံဖြစ်ခြင်း။ 
3.    R.O စနစ်ဖြင့် ထုတ်လုပ်ထားသည့် ရေ၏    အရည်အသွေး ကောင်းမွန်ခြင်းကြောင်...
 ကော်ဖီဖျော်စက်ဖြင့် ကော်ဖီဖျော်ရာတွင် အသုံးပြုသည့်စက်များချို့ယွင်းမူ မရှိဘဲ ကြာရည်အသုံးခံခြင်း။
  Lucky.R.O ရေဖြင့်ဓါတ်ပုံကူး/ဆေးအသုံးပြုရာတွင် ဓါတ်ပုံသားပို၍ အရောင်တောက်ပခြင်း။
Lucky.R.O ရေအသုံးပြုခြင်းကြောင့် အနည်မကျ ဘဲအရသာပို၍ကောင်းမွန်ခြင်း။
  အချိုရည်ဖျော်စပ်ရာတွင် Lucky.R.O ရေအသုံးပြပါက အရသာပို၍ ကောင်းမွန်ခြင်း။
  လက်ဖက်ရည် ဖျော်စပ်ရာတွင် Lucky.R.O ရေသုံးပါက အရသာ ထူးကဲမှုဖြစ်စေခြင်း။
  လက်ဖက်ခြောက် အခါးရည်(ရေနွေးကြမ်း)ပြုလုပ်သောက်သုံးပါက လက်ဖက်ခြေက်၏အရသာ ထူးကဲရရှိခြင်း။
  R.O ရေကိုသောက်သုံးပါကင်စာရောဂါ၊နှလုံး၊သွေးတိုး၊ဆီးချို၊
     ကျောက်ကပ်ရောဂါများမဖြစ်နိုင်ခြင်း။
  Lucky.R.O ရေကိုသောက်သုံးပါက အခြားရေများနှင့် မတူပဲအရသာ ထူးကဲ ကောင်းမွန်ခြင်းကိုရရှိနိုင်ပါသည်။

လူ့ခန္ဓာကိုယ်မှာ ရေပါဝင်မှုဟာ (70%)ကျော်ဖြစ်ပါတယ်။ဖေါ်ပြပါ အချက်များကို ကြည့်ရှုခြင်းအားဖြင့် လည်းလူ့ခန္ဓာကိုယ်တွင်း ပိုင်းဖွဲစည်းမှုမှာ ရေပါဝင် ကိုအသေးစိတ် သိရှိနိုင်ပါတယ်...။
 Brain: 75% , Lungs: 86% , Liver: 86% , Skin: 73% ,
Blood: 83% , Teeth :9% , Heart: 75% , Bones: 22% ,
Kidney  83% , muscles 75% ၊
တကယ်လို့အဲဒိထဲက (5%) သာလျော့နည်းနေမယ်ဆိုရင်
(25%)မှ(30%) အထိ စွမ်းအင် ဆုံးရုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ။
ဒါကြောင့်လဲပညာရှင်တွေက တစ်နေ့ကိုရေ (၈) ဖန်ခွက်မှ (၁၂)ဖန်  ခွက်ထိ   သောက်သုံးသင့်တယ်လို့ ဆိုကြပါတယ်.

ရေဆာလောတဲ့ အခါမှသောက်တာမျိုးထက်လုံလောက်တဲ့ပမာဏ အထိသောက်သုံးဖို့လိုပါတယ်..။
သောက်သုံးတဲ့ရေသန့်ရှင်းမှုရှိလေ
ကျန်းမာရေးအတွက် ပိုမိုအထာက်အကူပြုလေပဲ ဖြစ်ပါတယ်။

Best Taste, Best Quality
မြေအောက်မှကောင်းမွန်သော ရေအရင်းအမြစ်ကိုရယူ၍ရေတွင်
ပျော်ဝင်နိုင်သည့်ဓါတ်တုဗေဒဇီဝပစ္စည်းများကို Filter အဆင့်
ဆင့် ဖြတ်စေပြီး အနယ်၊ အမှုန်၊ အရောင် ၊ အနံ့၊ သံဓါတ်၊ ပိုးမွှားများ
ကို စုတ်ယူဖယ်ရှားစေခြင်းဖြင့် သန့်စင်ပါသည်။



Reverse Osmosis System (ပြောင်းပြန်စိမ့်ဝင်ခြင်းနည်းစနစ်)ဖြင့်ထပ်မံသန့်စင်မှုပြုလုပ်ပါသည်။
R.O စနစ်တွင် အသုံးပြုထားသော Membrane (အမြှေးပါးလွှာ)
၏ အပေါက်ငယ်များသည် တစ်မီလီမီတာ၏တစ်သတ်ပုံတစ်ပုံ
(0.0001micro) နှင့်အဏုဇီဝ ပိုးမွှားများကို 100%ထိသန့်စင်ပေးပါသည်။ထိုအပြင် uv,Ozone တို့ဖြင့်ထပ်မံပိုးသတ်၍ ထုတ်လုပ်ထားသဖြင့်
ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါသည်။

THE LOCATION
Just like other business, having a right location is vital.we have lots of profit generating location to ofter.Ranging from
Apartments,condominium, school, universities, colleges, shopping, complexes.factories, army, camps, shop lots, LRT/ bus station , wet market, food courts, hawker centers,
Government offices...



2015年4月29日 星期三

central pack's pizza

မင်္ဂလာပါခင်ဗျာ
 ကျွန်တော်တို့ mmspyshop.com အဖွဲ့သူအဖွဲသားများမှ မန္တလေးမြို့ရဲ့၆၆လမ်းရှိ
central park's pizza ကိုရောက်ရှိခဲ့ပါသည်။ ဆိုင်းလေးဟာဆိုရင် အဝေးကမြင်လိုက်
တာနဲ့ အနောက်တိုင်းဆန်ဆန် ပြင်ဆင်ထားတာတွေ့ရပါတယ်။ဆိုင်ထဲကိုဝင်လိုက်
ထွက်လိုက်သွားလာနေသူများမှာလဲ  နိုင်ငံခြားသား(foreigner)များကိုလဲတွေ့လိုက်
ရပါတယ်။ဒီတော့ကျွန်တော်တို့mmspyshopအဖွဲသားများဤဆိုင်းလေးကို စိတ်ဝင်
စား စွာသွားရောက်လေ့လာခဲ့ပါတယ်။
   ဆိုင်းအတွင်း decorationဟာလဲaromatic ဆန်းဆန်းလူငယ်အကြိုက်ပုံစံလေးတစ်
မျိုးခေတ်ဆန်းလှပါတယ်။ကျွန်တော်တို့တောင် surprise ဖြစ်သွားတယ်။
လူကြီးမင်းတို့လဲပုံထဲမှာတွေ့တဲ့အတိုင်းပါပဲနော်။ဒီဆိုင်လေးဟာ အခြားဆိုင်များနဲ့
မတူပဲတမူထူးခြားအောင်ပြင်ဆင်ထားပါတယ်။မီးရောင်များမှာလဲ စိတ်ကိုငြိမ်သက်
စေမည်အရာင်လေးများကိုရွေးပြီးထွန်းထားတာကိုလဲတွေ့ရတယ်။ဆိုင်ထဲကိုဝင်
ပြီးထိုင်လိုက်တာနဲ့ဆိုင်အပြင်ဆင်များကိုစိတ်ဝင်စားပြီးလေ့လာချင်စိတ်ပေါက်လာ
မှတော့အမှန်ပါပဲ။




 central park's pizza ဆိုင်မှရရှိနိုင်သော pizza များမှာလဲ Medium Pizza (10in)
၁၀လက်မ၊ large Pizza(12in) ၁၂လက်မ၊ extra large(18in)၁၈လက်မ တို့ဖြစ်
ပါတယ်။

  အခုမြင်တွေရတဲ့ပုံလေးကတော့သက်သက်လွတ် နဲ့ အသီးအရွက်ကြိုက်သူမှားအ
အတွက်အထူးသင့်လျှော်တဲ့ပီဇာလေးပါ။သုံးထားတဲ့ ပစ္စည်းများမှာလဲ နိုင်ငံခြားမှဖြစ်
ပါတယ်။
ဒီပုံလေးမှာမြင်ရတာတော့ အမဲသား/ ကြက်သား/Tuna ငါးနှင့် ပုဇွန် ပီဇာများပါ။
အသားနဲ့ငါများကိုစားချင်သူများအတွက် အဆင်ပြေစွာ အရသာရှိရှိစားသုံးလို့ကောင်း
မည့် ပီဇာလေးတွေပါ။ပုဇွန် ပီဇာကလဲစားလို့သိပ်ကောင်းတယ်ဗျာ လူကြိုက်လဲများ
တယ်။


ပင်လယ်စာကိုကြိုက်နစ်သက်သူများအတွက် တော့အရမ်းကိုစားလိုကောင်းပြီးအရ
သာရှိမှာပါ သန့်ရှင်းလပ်ဆတ်သော ပင်လယ်စာများနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
အသားများကိုလဲတစ်ထိုင်တည်းအစုံစားချင်သူများအတွက်လဲအထူးအဆင်ပြေစေရန်
အသားစုံ ပီဇာလဲရှိပါတယ်နော်။



ဒါကတော့ဟာဝါရီ ပီဇာနဲ့အီတလီချဉ်စပ်ဝက်အူချောင်းပီဇာဖြစ်ပါတယ်။ဝက်အူချောင်း
များကိုလဲနိုင်ငံခြားပစ္စည်းများမှာယူပြီး အီတလီချဉ်စပ်ပီဇာလုပ်ထားတာဖြစ်ပါတယ်။
အ၇မ်းကောင်းတဲ့ချဉ်စပ်အရသာ ပီဇာလေးပါ။
 ဒီဆိုင်မှာအရသာထူးကဲပြီးစားလို့ကောင်းသည့် အခြားအစားအစားတွေလဲရှိသေး
ပါတယ်။အဲဒါတွေကတော့ Side&Mexican Food (မက္ကဆီကန်) တွေပဲဖြစ်ပါတယ်။


မက္ကဆီကန်အစားအစားတွေပါ ကြက်တောင်ပံ၊ခချစ်ကန်ကေးစတီလာ၊အမဲသား
နားချက်စ်တိုဖြစ်ပါတယ်။

ဒီပုံလေးထဲမှာမြင်ရတာတော့ ကြက်သားလိမ်နဲ့အာလူးကြော်၊ ကြက်သာ/အမဲသား
တာကို၊ငါးကြော်နဲ့အာလူးကြော် တို့ဖြစ်ပါတယ်။အားလုံးကစားလို့ကောင်းပါတယ်။



ဒီပုံလေးကတော့ central park's pizza ဆိုင်ကိုလမ်းညွှန်ထားတဲ့မြေပုံလေးပါ။
လိပ်စာကတော့ 27th St,Bet;68&69th St,
                    Central park's pizza.
                    No.6 Corner of 66 th& 32nr St,
                    Chan Aye Thar San Tsp, Mandalay.
                    Call:0991013500
                          0931011188                             (spyshopခြေလှမ်းများ)







2014年11月17日 星期一

လူတွေမှတ်ညဏ်ထဲကပြင်ဦးလွင်


In Loving Memory of Pyin Oo Lwin

ကျွန်တော်  ပြင်ဦးလွင်ကို လူတွေဘယ်လောက်သိလဲ လိုက်မေးကြည့်ပါတယ်။
လူတစ်ယောက်တစ်ရာလောက်ထဲက ခုနစ်ဆယ်လောက်က ပြင်ဦးလွင်က
စိတ်အပန်းဖြေလို့ကောင်းတဲ့နေရာလို့ပြောပါတယ်။ဘယ်နေရာလေးလို့ထင်
ပါသလဲ..။အားလုံးသိကြတဲ့နေရာလေးပါ အဲနေရာလေးကတော့

ဟုတ်ပါတယ် ပြင်ဦးလွင်ကန်တော်ကြီးပါ ။လူတွေပြောကြတယ် ပြင်ဦးလွင်ကိုအလည်
ရောက်လာတိုင်း ကန်တော်ကြီးကို မရောက်ရင် ခေတ်နောက်ကြတယ်လို့ပြောတယ်။
အရင်အခါကဆိုရင်အားလပ်တွေမှာ မလေးရှားဒံပေါက်ထုပ်ပါဆယ်များနှင့်တစ်ပျော်
တစ်ပါးလူတွေသွားကြပါတယ်။သာယာလှပသောနေရာလေးမှာ အရသာရှိသော
အစားအစာလေးနှင့်တစ်ပျော်ရွှင်မူများရနိုင်တဲ့နေရာပါ။


ဒီဆိုင်းကြီကတော့ မလေးရှားဒံပေါက်ဆိုင်ပါ။ပြင်ဦးလွင်မြို့၏နာမည်ကြီးဆိုင်
ဆိုင်တစ်ပါ ။ဘယ်လောက်နာမည်ကြီးလဲဆိုတော့ မလေးရှားဒံပေါက်ဆိုရင်
ပြင်ဦးလွင်ကမသိတဲ့လူမရှိဘူး။ဒံပေါက်ကလဲ အရမ်းစားလို့ကောင်းတယ်နော်။


ဒုတိယလူသိအများဆုံးကတော့ရေတံခွန်ကြီးပါ ဒီရေတံခွန်ဟာ အဆင့်လေးဆင့်
ရှိပါတယ်။ သွားလည်ရင်လဲ အရမ်းပျော်စရာကောင်းပါတယ် နောက်ပြီးလည်ပတ်
သူများနှင့်လဲ အမြဲစည်ကားနေပါတယ်။


ပြင်ဦးလွင်ရဲ့ရှေးကြပြီး ကမ္ဘာလှည့်ခရီးသွားများကိုတောင်ဆွဲဆောင်နိုင်တဲ့
နာရီစင်ကြီးပါ။ ဒီနာရီစင်ရဲ့ နာမည်လေးကတော့ PURCELL TOWER (1936)
ပါ ၊ပြီတော့ပြင်ဦးလွင်၏ အသဲနှလုံးလို့တင်စားခေါ်ဝေါ်ကြတယ်။ နာရီစင်ကြီး
သက်တမ်းက 78 ကျော်လာသော်လည်း  ယနေ့ထိတိုင် တိကျမှန်သော အချိန်နာရီကို ပြသနေပြီး ပြင်ဦးလွင်မြို့၏ မြို့သူမြို့သားများအတွက် အချိန်တိကျမှန်ကန်ခြင်းကို အမြဲတမ်းသတိပေးနှိုးဆော်ပေးနေပါသည်။









2014年11月13日 星期四

ထင်းရှူးတော

ပြင်ဦးလွင်ထင်းရှူးးတော

ဒီနေ့မှာတော့ကျွန်တော်တို့mmspyshop အဖွဲသူအဖွဲသားများသည်ပြင်ဦးလွင်မြို့ရှိ
သာယာလှပပြီးစိတ် အေးအေးချမ်းချမ်းရှိတဲ့နေရာလေးတစ်ခုကိုရောက်ခဲ့ပါတယ်။
အဲဒီ့နေရာလေးကတော့မန္တလေးတိုင်း  ပြင်ဦးလွင်မြို့ တွင်ရှိသောထင်းရှူးတောကြီး
ဖြစ်ပါတယ်။
ဒီတောကြီးဟာဧကပေါင်းများစွာကျယ်ဝန်းတယ်၊နောက် ပြီးနိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယို
သရုပ်ဆောင်များအားလုံးသွားရောက်ခဲ့ဖူးတဲနေရာလေးပါ။ဘာကြောင့်ရောက်လည်းဆို
ရင်မြန်မာဗီဒီယိုဇတ်ကားတွေမှာပါတဲ့ မှောင်ခိုခန်း ၊ပြန်ပေးဆွဲခန်း၊ လူဆိုးဂိုဏ်းများ
စခန်းချတဲ့အခန်းမျိုးကိုဒီတော ကြီးထဲမှာအများဆုံးရိုက်ကူးကြလိုပါ။
 ဒီနေရာလေးကတော့ထင်းရှူးရဲ့အဝေးမြင်ကွင်းလေးပါ၊၀န်းခပ်ထားတဲ့နေရာက
တော့ကော်ဖိစိုက်ခင်း လေးတွေပါ ဒီနေရာလေးမှာလုံးချင်းအိမ်းလေးများလဲ
ရှိပါတယ်၊ လှပစိမ်းလန်းစိုပြေပြီး လေကောင်းလေသန့်များနှင့်တိတ်ဆိပ်
ငြိမ်သက်သောပတ်ဝန်းကျင်၏ ရသကိုခံစားချင်းသူများအတွက်တော့အထူး
သင့်လျှော်တဲ့နေရာလေးပါ။


 ဒီပုံကလေးကတော့သစ်တောရဲ့အတွင်းပိုင်းကပုံလေပါ
ဒီတောထဲမှာတော့သားရိုင်းတိရစ္ဆာန်အများကြီးတော့မရှိပါဘူး ယုန်၊ချေ မြွေ တို့လောက်ပဲတွေရပါတယ်။ဒါပေမဲ့တောထဲကိုဝင်လေလေငှက်သံများကိုကြား
ရလေလေ ငှက်ကတော့အမျိုးဆုံပါပဲ အရာင်သွေးဆုံလှသော သစ်ပင်များ
နှင့်အတူ ကောင်းကင်မှထိုးဖောက် ၀င်ရောက်လာသော နေမင်း၏အလင်းရောင်
များနှင့်တကွသဘာဝ၏အလှတရားများကိုခံစားနိုင်ပါတယ်။


 အခုတွေ့ရတဲ့ပုံလေးကတော့ထင်ရှူးတောအတွင်းကိုဖြတ်ပြီးဖောက်လုပ်ထားတဲ့
လမ်းသစ်ကြီးပါ။ဒီလမ်းမကြီးဟာ မြို့ရှောင်လမ်းမကြီးပါ။ယဉ်များလဲအမြန်နှုန်း
တွေနဲအဆက်မပြတ်သွားလာနေပါတယ်။ကျွန်တော်တောင်ဓတ်ပုံသွားရိုက်တုန်း
ကားတွေမြန်လွန်းလို့အမြန်လေးရိုက်ရပါတယ်။ယခုပုံအရလမ်းမကြီးအတိုင်းသွား
လျှင်လားရိုးလမ်း မဟာအံ့ထူးကံသာဘုရားကြီးထိ သွားရောက်နိုင်ပါတယ်။


ဒါလေးကတော့နောက်ဆုံးပုံလေးပါ လမ်းအတိုင်းဆက်သွားလျှင်ရွာများကိုတွေ့ရပါ
လိမ့်မယ်။နောက်ဆုံးမြို့ထွက်လမ်းကြီးပေါ်ရာက်သွားပါတယ်။အနီးစခန်း
တွင်ဒီလမ်းမကြီးပြီးဆုံးသွားပါတယ်။ လည်ပတ်သူများအနေနှင့်ပြင်ဦးလွင်
ကိုရောက်ရင်သဘာဝအလှတရားများနှင့်ထည်ဝါနေသောထင်းရှူးတော့
ကြီးကိုလာလည်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်နော်။     (spy shop ခြေလမ်းများ)
























2014年9月13日 星期六

အမျိုးသမီးသူရဲကောင်း



မင်္ဂလာပါခင်ဗျာ........
ကျွန်တော်တို့ mmspyshop.com က စာပေချစ် ပရိတ်သတ်များအား
အမျိုးသမီး သူရဲကောင်းတစ်ယောက်အကြောင်း မိတ်ဆက်ပေးချင်ပါမယ်။
သူရမချစ်ပို အုတ်ဂူ

မချစ်ပိုသည် ထားဝယ်မြို့သူ တစ်ယောက်ဖြစ်ပေသည်။
 သူ့အသက် (၂၀) အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲ ၀င်သွားသော မောင်ဖြစ်သူအား
ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်း ထွက်ခွါလာခဲ့ပြီး ပြင်ဦးလွင်မြို့တွင် BE တပ်မှ တပ်ကြပ်မောင်လှနှင့် အကြောင်းပါခဲ့ပြီး တပ်မတော်၏ မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် KNDO တပ်ဖွဲ့များသည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက် စီးနင်းသိမ်းပိုက် လိုက်လေသည်။
 ထိုအချိန်က မေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီးဘဖြူ ဦးစီးသော BE တပ်မှ တပ်ခွဲများသည် ရရာလက်နက် ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည်လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့သို့ ပြန်လည် ချီတက်ခဲ့ကြလေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိ စစ်သည်များနှင့် အခြားတပ် ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ ၂၄  ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြင်ဦးလွင်မြို့ကို ပြန်လည်ရရှိခဲ့လေသည်။ အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ထို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ခဲ့လေသည်။
 ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများ ရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့် တစ်ဘက် ခြေကုတ်စခန်းများကို အားပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်နေကြသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။ သတင်းထောက်လှမ်းမှု အရေးကြီးချိန်တွင် ရန်သူသည် ယောက်ျားမှန်သမျှ တွေ့သည်နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ရာ အမျိုးသမီးများသာ နွားကျောင်းခြင်း ဈေးရောင်းခြင်းများ ပြုလုပ်နိုင်ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများထဲမှ မိမိသဘော အလျောက် ရန်သူ့သတင်းထောက်လှမ်းရန် တစ်ဦး ထွက်လာလေသည် ထိုသူကား မချစ်ပို ပင်ဖြစ်ပေသည်။ မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင် အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင် ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ် လှမောင်အား သေနတ်မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။ မချစ်ပိုသည် ဓါးတိုတစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြားထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။ မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထားသည့်နေရာများအား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်သာပါက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင်အထိနာခဲ့လေသည်။ စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိလုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ်တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့်အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။ မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့် အဆင်မပြေနိုင်သဖြင့် မချစ်ပိုအား ခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင် ညတိုက်ပွဲများ ဆက်လက် ဆင်နွှဲကြလေသည်။ တစ်ချိန်တွင် မချစ်ပိုသည် ရန်သူကို ရှေ့တက် လုံးထွေး တိုက်ခိုက်ရင်းမှ ဗိုက်ကို သေနတ်မှန်ခဲ့လေသည်။ သို့သော် မာန်တင်းလျှက် ဒဏ်ရာကို အ၀တ်နှင့်စည်းပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။ ရရှိသည့်ဒဏ်ရာကို တိုက်ပွဲအောင်မှ ပြန်လည်ကုသခဲ့သည်။ ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့် မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရသည်ဟု သိရသည်။ မချစ်ပို ဆေးကုသနေစဉ် ကာလတွင် မေမြို့မှ BE တပ်များအား မန္တလေးရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဆင့်ခေါ်ခြင်း ခံရသဖြင့် ဆုတ်ခွာသွားကြသောကြောင့် တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှု စောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။ ထိုအချိန်တွင် KNDO ခေါင်းဆောင် စောဘစံသည် သတင်းရရှိပြီး မချစ်ပိုပုန်းအောင်းနေသော နေရာသို့ ရောက်ရှိခဲ့ကာ မချစ်ပိုအား ဖမ်းဆီးခဲ့လေသည်။ မချစ်ပိုသည် ထွက်ပြေးတိမ်းရှောင်းခြင်းမရှိပဲ ဓါးမြှောင်တိုတစ်ချောင်းကို ၀ှက်ကာ ယူသွားခဲ့သည်။ မချစ်ပိုသည် အံသွားအပို (အံပွား)ပါသူ တစ်ဦးဖြစ်သည်။ ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်ကလိုက်ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်းမရှိဟု ယုံကြည်နေကြသည်။ မချစ်ပို ကို ဖမ်းမိသည်နှင့် သူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။ “ နင်တို့ငါ့ အံသွားပဲနှုတ်လို့ ရမယ် တပ်မတော်အပေါ်ထားတဲ့ ငါ့သစ္စာတော့ ဘယ်တော့မှ နှုတ်လို့မရဘူး “ ဟုပြောပြီး မချစ်ပိုသည် ၀ှက်ယူလာသော ဓါးတိုဖြင့်ကလန့်နေသူ နှစ်ဦးအားထိုးသတ်ရာ နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေလေသည်။ မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ်ပစ်ခတ်လေရာ မချစ်ပိုမှာလဲကျသွားလေတော့သည်။ မချစ်ပိုသည်ဒဏ်ရာ ပြင်းထန်စွာ ရနေသော်လည်း အတန်ကြာသည်အထိ သေဆုံးခြင်း မရှိသဖြင့် အသက်ပြင်းသည်ဟု ပြောစမှတ်ပြုကြလေသည်။ ထို့နောက်စောဘစံသည် မချစ်ပို၏ အလောင်းအား ရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။ ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် (၈.၄.၄၉) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူမအသက်ကိုပေးအပ်ခဲ့လေတော့သည်။
၁၆.၄.၄၉ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ကားလမ်းအား စစ်ဆေးရန် ရောက်ရှိလာသော ဗိုလ်မှူးကြင်နှင့် စစ်သည်များသည် မချစ်ပို ကျဆုံးခဲ့သော ရေတွင်းအတွင်းမှ သူမအလောင်းကို ဆယ်ယူကာ စစ်အခမ်းနားဖြင့် ကောင်းမွန်စွာ သဂြိုလ်ခဲ့ပြီး သူမကျဆုံးခဲ့ရာ ရေတွင်းအား ငုံ၍အုတ်ဂူပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်အတွက်...... အသက်ကို ပဓာန မထားပဲ...... သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ`` သူရ ´´ဘွဲ့တံဆိပ်အား ချီးမြင့်ပေးအပ်ခဲ့လေသည်။
ထိုသူရဘွဲ့တံဆိပ်သည် မြန်မာ့နိုင်ငံအမျိုးသမီးအားလုံးတွင် တစ်ဦးတည်းသော ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်ဖြင့်ယနေ့ ထက်တိုင် မှတ်တမ်းဝင်ခဲ့လေသည်။
မချစ်ပို၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ထုံးဘိုရပ်တွင် ယနေ့ထက်တိုင် တည်ရှိနေပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့် ရွှေ့ပစ်သင့်သည်ဟု ထင်မြင်ယူဆ နေကြပါသည်။
`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေး တစ်ခုသာ ဖြစ်ပေလိမ့်မည်။ အမိမြေရဲ့သူရဲကောင်းတွေ သမိုင်းမှာ မချစ်ပိုဟာ အသံမဲ့စွာ ပါဝင်နေ ပေလိမ့်အုံးမည်။ သူမရရှိခဲ့သော သူရဘွဲ့သည် တပ်မတော်သမိုင်းတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများစွာ၏ နောက်ကမိသားစုတွေ၏ ဘ၀ပေါင်းများစွာကို ကိုယ်စားပြုနေ ပေလိမ့်အုံးမည်………။

သူရဲကောင်းတို့ ၏၀ိညဉ်သည် ကောင်းကင်ယံတွင် ထာဝရ တည်တံနိုင်ကြပါစေ ။

2014年8月26日 星期二

ရွှေရည်ဝင်း၏ မြန်မာ့ရိုးရာခြင်း

မင်္ဂလာပါရှင့်
အားကစားဝါသနာရှင် မိဘပြည်သူများရှင် ဒီနေ့မှာဖြင့် ကျွန်မတို့ mmspyshop.com အဖွဲ့သူအဖွဲ့သားများက ပြင်ဦးလွင်မြို့ရှိ ရိုးရာခြင်းလုံး သရုပ်ပြသနေသော သမီးလေး မရွှေရည်ဝင်းအား သွားရောက်တွေ့စုံမေးမြန်းခဲ့ပါတယ်။
    ရွှေရည်ဝင်းဟာ ငယ်စဉ်ကတည်းက အားကစားကို ၀ါသနာပါခဲ့ပါတယ်။ ငယ်စဉ်အခါက သံပုရာသီး၊ ကြက်သွန်နီ၊ ဂေါက်သီးစသော အသီးလုံးများကို ခြေထောင်ဖြင့် တော့တော့ပြီး ကစားသည့်အကျင့် ရှိခဲ့ပါသည်။ အားကစားကို ၀ါသနာပါလို့ တိုက်ကွန်ဒိုကိုလည်း လေ့လာခဲ့ပါသေးတယ်။
တိုက်ကွန်ဒိုလေ့လာရာမှာ ငယ်ငယ်က အသီးများကို
 ခြေထောက်နှင့် တော့တော့ကစားခဲ့သည့် ဗီဇကြောင့် ခြင်းလုံးကစားရန် အကြောင်းပေါ်လာခဲ့ပါတယ်။ ခြင်းလုံးကိုဝါသနာပါလို့ အပြင်းအထန်လေ့ကျင်ရာ ခြင်းလုံးခတ်ဝါသနာပါသော သမီးလေးရွှေရည်ဝင်းဟာ
အသက်(၁၂)ရွယ်မှာ လူကြီးများနှင့်အတူ ၀ိုင်းခြင်းတွင် ၀င်ရောက်ကစားနိုင်ခဲ့ပါတယ်။

သမီးလေးရွှေရည်ဝင်းရဲ့လက်ဦးဆရာကတော့ ဆရာဦးမျိုးဇော်ဦးလို့ သိရပါတယ်။ ရွှေရည်ဝင်းဟာ သူငယ်တန်းကနေ စတုတ္တတန်းထိ ရန်ကုန်အ.မ.က(၂၃)မှာ ပညာသင်ကြားခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာတော့ မရွှေရည်ဝင်းတို့ မိသားစုဟာ ပြင်ဦးလွင်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
မရွှေရည်ဝင်းတို့ မိသားစုဝင်(၄)ယောက် ရှိပါတယ် မရွှေရည်ဝင်းဟာ အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ အကိုနှစ်ယောက်ကတော့ တပ်မတော်နည်းပညာတက္ကသိုလ်မှာ ဗိုလ်သင်းတန်းကျောင်းတက်ရောက်နေပါတယ်
လိုသိရပါတယ်၊ သမီးလေး၏မိခင်ကတော့ သူနာပြုတစ်ယောက်ဖြစ်ပြီးအခုချိန်မှာ   တော့အငြိမ်းစားတစ်ယောက်အဖြစ်နဲ့သမီးလေးကိုပံ့ပိုးပေးနေပါတယ်။
ပြင်ဦးလွင်ကိုရောက်ရှိပြီး မကြာမီမှာမရွှေရည်ဝင်းက ၀ိုင်းခြင်းကို စတင်ခတ်ပြီးနောက်ပိုင်းမှာတော့တပင်တိုင်ခြင်းအလှပြခတ်နိုင်ခဲ့ပါတယ်။
တပင်တိုင်ခြင်းကိုဝါဆိုဘုရားပွဲတွင် ပထမဦးဆုံးအကြိမ်ပြသဖျော်ဖြေခဲ့ပြီး ဇွဲဆုကိုရရှိခဲ့ပါတယ် မရွှေရည်ဝင်းပြသဖျော်ဖြေရာတွင်လည်း လူအများစိတ်ဝင်တစားဖြင့်လာရောက်အားပေးကြတယ် လာရောက်ပြသတဲ့ ဆရာမမြင့်စန္ဒာကလည်း မရွှေရည်ဝင်းရဲ့ ပြသမှုကို
ကြည့်ရှုပြီးကျေနပ်အားရနေမိကြောင်းသိရှိရပါတယ်။ ၀ါဆိုခြင်းခတ်ပွဲတွင်ဆရာမမြင့်စန္ဒာနဲ့ တွေ့ဆုံပြီးခဲပါတယ်
သမီးလေးမရွှေရည်ဝင်းသည် ကျောင်းပိတ်ရက်တစ်ပတ်နှစ်ရက်တွင် ဆရာမစုစုလှိုင်ဆီသွားရောက်လေ့လာသင်ကြားပါတယ်။
ဒီလိုသွားရောက်ရာတွင်လည်း မရွှေရည်ဝင်းရဲမိဘတွေဟာ မငြည်းငြူ ပဲသမီးလေးရဲ့ဝါသနာကို ပါရမီဖြည့်လိုရာခရီးကို ပို့ပေးခဲ့ပါသည်။
သမီးလေးရွှေရည်ဝင်ဟာ ကျောင်းပိတ်ချိန်တွေမှာလည်းမြန်မာ့ဂုဏ်ဆောင်ခြင်း လုံးကွက်မီးခြင်းလုံး ၊ရွှေခြင်းလုံး ၊ငွေခြင်းလုံး၊ လိပ်ပြာခြင်းလုံးများ
ကိုဟိုတယ်ကြီး တွေမှာလည်း နှင့်ငံခြားသားများကိုလည်းမြန်မာ့ အနုပညာတစ်ရက်အနေဖြင့်သရုပ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။
(၃.၇.၂၀၁၄)ြ မန်မာအမျိုးသမီးများနေ့တွင် မရွေရည်ဝင်းသည် မီးခြင်းကိုတပင်တိုင်ပြသနိုင်ခဲ့ပါတယ်
မီးခြင်းကိုပြသနိုင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲပါတယ်ဒါပေမဲ့ မရွှေရည်ဝင်းဟာ ဒီမီးခြင်းကိုအလွယ်တစ်ကူပြသနိုင်ခဲ့ပါတယ်။
ရပ်မိရပ်ဖများကလည်း မေ၇ွှရည်ဝင်းကို ချစ်ခင်ကြပါတယ် ဒီလိုကလေးမျူိုး ဟိုတယ်ကြီးတွေ ၊အခမ်းနားကြီးတွေ ၊ပွဲလမ်းသဘင်တွေမှာမရွှေရည်ကိုခေါ်ယူပြသချင်ရင်လည်းရပါတယ်။

ဒီကလေးလေးဟာဒီလိုမြန်မာ့ရိုးရာယာဉ်ကျေးမူကို လေ့လာထိန်း သိမ်းဖိုဆိုတာဒီခေတ်ကြီးမှာ
အသက်၁၂နှစ်အရွယ်တောင်ချင်းလုံးကိုတော်တော်ကျွမ်းကျင်နေတာ   တွေ.ရတယ် နောက်ဆိုရင်ပိုပြီးထက်မျက်ကျွမ်းကျင်လာတာကိုမျင်ရမှာပါ။သမီးလေး
ရွှေရည်ဝင်းလေး၏ခြင်းခပ်စွမ်းကိုစိတ်ဝင်စားလျှင်လည်းကောင်းပွဲများတွင်ဖျောဖြေမူ
ပြုလုပ်လိုသော်


                        သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။       (spy shop ခြေလမ်းများ)